DCF Free Movie Website !

TVB SERIES

Journey to the West (1996) (Ep- 1 to 30)

Journey to the West (西游记 - ၁၉၉၆) ဟာ ဟောင်ကောင် TVB ရုပ်သံလိုင်းက ထုတ်လုပ်ခဲ့ပြီး ပရိသတ်တွေကြားမှာ "ဒစ်ကီဝေရဲ့ စွန်းဝူခုန်း" ဆိုပြီး မသိသူမရှိလောက်အောင် အလွန်တရာ အောင်မြင်ကျော်ကြားခဲ့တဲ့ ဂန္ထဝင်ဟာသနှောထားတဲ့ စွန့်စားခန်း ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ​ဒီဗားရှင်းဟာ မူရင်းကျမ်းစာသွားယူတဲ့ ဇာတ်လမ်းကို အခြေခံထားပေမယ့် ကလေး၊ လူကြီးမရွေး ကြည့်ရှုနိုင်အောင် ဟာသနှောပြီး ဇာတ်လမ်းဆန်းဆန်းလေးတွေ ထည့်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ ​ မင်းသား Dicky Cheung (ကျန်းဝေကျန့်) ရဲ့ စွန်းဝူခုန်း သရုပ်ဆောင်ပုံဟာ အလွန်တက်ကြွပြီး ချစ်စရာကောင်းပါတယ်။ သူပြောလေ့ရှိတဲ့ အမြဲတမ်း ဆောင်ပုဒ်စကားစု (Catchphrase) တွေနဲ့ ရယ်မောစရာ အမူအရာတွေဟာ ထိုခေတ်က အရမ်းခေတ်စားခဲ့ပါတယ်။ ဆရာတပည့် လေးယောက်ကြားက သံယောဇဉ်၊ မိစ္ဆာတွေနဲ့ ဉာဏ်ပြိုင်တိုက်ခိုက်ရတဲ့ အခန်းတွေအပြင် ပါကျဲရဲ့ "လောကကြီးမှာ အချစ်က ဘာလဲ..." ဆိုတဲ့ ကဗျာရွတ်တဲ့အခန်းတွေကလည်း ပရိသတ်တွေရင်ထဲ စွဲကျန်ခဲ့စေတဲ့ ဇာတ်လမ်းတွဲ ဖြစ်လို့ တစ်မူထူးခြားတဲ့ စွန်းဝူခုန်း ဇာတ်လမ်းတွဲလို့ သတ်မှတ်ချင်ပါတယ်... VIP - 3000 ကျပ် DCF Admin - @leodcf