DCF Free Movie Website !

Historical

Journey to the West (2011) (Ep- 1 to 66)

Journey to the West (西游记 - ၂၀၁၁) ဟာ နာမည်ကြီး ဒါရိုက်တာကြီး Zhang Jizhong (ကျန်းကျိကျုံး) ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ထိုခေတ်အခါက အထူးပြုလုပ်ချက် (VFX) တွေ၊ မိတ်ကပ် (SFX Mask) တွေကို အဆင့်မြင့်မြင့် အသုံးပြုထားလို့ တကယ့်အပြင်က ဘီလူး သရဲတစ္ဆေတွေအတိုင်း အပြင်လက်တွေ့ဆန်ဆန်နဲ့ အမိုက်စား ဖန်တီးထားတဲ့ ခေတ်သစ် စွန့်စားခန်း ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ​ဒီဗားရှင်းဟာ မူရင်းကျမ်းစာရဲ့ အနှစ်သာရကို အနီးစပ်ဆုံး တည်ဆောက်ထားပါတယ်။ အဓိကအားဖြင့် မျောက်မင်း ဆွန်ဝူကုန်းရဲ့ မွေးဖွားလာပုံ၊ ကောင်းကင်ဘုံကို ဆူပူသောင်းကျန်းပုံတွေကနေ စတင်ပြီး၊ နောက်ပိုင်းမှာ ထန်ဆန်းကျောင်း ဆရာတော်နဲ့အတူ အနောက်ဘက် ကောင်းကင်ဘုံသို့ ဗုဒ္ဓကျမ်းစာ သွားရောက်ပင့်ဆောင်တဲ့ လမ်းခရီးက ဘေးအန္တရာယ် ၈၁ ပါးကို ကျော်ဖြတ်တဲ့အကြောင်း ရိုက်ကူးထားတာပါ။