DCF Free Movie Website !

TVB SERIES

The Duke of Mount Deer (1984) (Ep- 1 to 40)

"ကျင်းယုံ"(Jin Yong)ရဲ့ အကျော်ကြားဆုံး ဝတ္ထုကို အခြေခံထားသော ဂန္ထဝင်ဇာတ်လမ်းတွဲတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအရ "ဝေရှောင်ပေါင်"(Wei Xiaobao) ဟာ ပညာမတတ်ပေမယ့် ဉာဏ်ကောင်း၊ စကားပြောကျွမ်းကျင်ပြီး အခြေအနေအလိုက် လိမ္မာပါးနပ်စွာ ရှင်သန်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ ကံကြမ္မာကြောင့် နန်းတော်ထဲရောက်သွားပြီး အယောင်ဆောင်အတွင်းတော်မိန်းမစိုးအဖြစ် နေထိုင်ရင်း ဧကရာဇ် "ကန်းရှီး" ရဲ့ ယုံကြည်စိတ်ချရတဲ့ အနီးကပ်လူတော်တစ်ယောက် ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မင်းဆက်ပြန်လည်ထူထောင်ဖို ကြိုးစားနေတဲ့ "ထင်းဒီဟွားဂိုဏ်း"ရဲ့ တပည့်ဖြစ်နေတဲ့အတွက် သစ္စာနှစ်ဖက်ကြားမှာ အမြဲရွေးချယ်ရခက်ခဲနေပါတယ်။ နန်းတော်အတွင်း အာဏာလုမှုတွေ၊ လျှိဝှက်ကြံစည်မှုတွေ၊ သိုင်းလောက အင်အားကြီးဂိုဏ်းတွေနဲ့ ရင်ဆိုင်ရင်း "ဝေရှောင်ပေါင်"ဟာ ဉာဏ်နဲ့အခက်အခဲတိုင်းကို ဖြေရှင်းမယ့် ဇာတ်လမ်းအမျိုးစားပါ... VIP - 2000 ကျပ် DCF Admin - @leodcf