HK Movies
The Story of Qiu Ju (1992)
ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်၊ ရွာသူကြီး (ခေါ်) ရွာခေါင်းဆောင်က ရွာကလူတစ်ယောက်ကို ထိုးကြိတ်ပြီး ဂွကြားကို ကန်ထည့်လိုက်တယ်၊ အဲ့ဒီလူရဲ့မိန်းမက မကျေမနပ်ဖြစ်ပြီး ရွာသူကြီးကို ပြန်တောင်းပန်ခိုင်းတယ်။ ရွာသူကြီးကလည်း မာနကြီးတဲ့လူဆိုတော့ မတောင်းပန်ဘူး၊ အဲဒီမှာ အရာရှိတစ်ယောက်က ဝင်ရှင်းပေးတယ်၊ ငွေတော့ရလိုက်တယ်၊ တောင်းပန်စကားမရဘူး။ ဒီတော့ ဟိုမိန်းမက မကျေနပ်ဘူး။ ခရိုင်အဆင့် မြိုနယ်အဆင့် ရုံးတွေထိ တက်တိုင်တယ်။ ဒါပေမဲ့ အဖြေက အမြဲအတူတူပဲ။ နောက်ဆုံးကျ တရားခွင်အထိ တက်ပစ်တယ်။ အရပ်သားမိန်းမတစ်ယောက် ပြည်မရဲ့ တရားဥပဒေအောက် တရားမျှတမှုအားပြိုင်ကြတဲ့ရုပ်ရှင်ပေါ့၊ ဒါပေမဲ့လည်း ဒီရုပ်ရှင်က မျက်မှောက်ခေတ်မှာပဲ ဇာတ်အိမ်တည်ထားသလို ဒီရုပ်ရှင်ထဲက လမ်းဘေးခန်းတွေကလည်း လျှိဝှက်ကင်မရာနဲ့ ရိုက်ထားတာဆိုတော့ သူ့ဖြစ်ပျက်နေတဲ့ သဘောသဘာဝအတိုင်း ရလိုက်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်ခဲ့တယ် ကျန်းရိမူကား ပီသစွာပဲ အဲဒီခေတ်နိုင်ငံရေး ဥပဒေ ဘာညာလည်းမြင်ရပေမဲ့ ကျန်းရိမူကားဆိုတော့ ဒါတွေကို မသိမသာပြတတ်တာက ဆန်းတော့မဆန်းတော့ပါဘူး။ ဆန်းတာကတော့ ကျန်းရိမူရဲ့အရိုးရှင်းဆုံး ရုပ်ရှင်ဖြစ်နေတာပါပဲ
-
The Story of Qiu Ju (1992)
Streaming Channels - Watch Trailer
- Download 1 The Story of Qiu Ju (1992)
- Download 2 The Story of Qiu Ju (1992)
- Download 3 The Story of Qiu Ju (1992)
- Other Drive Download The Story of Qiu Ju (1992)



