DCF Free Movie Website !

HK Movies

Fist of Legend (1994)

1994 မှာ ထွက်ရှိခဲ့တဲ့ ဂျက်လီရဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်၊ ဇာတ်လမ်းအကျဉ်းကတော့ ခေတ်ကာလအနေအထားနဲ့ဆိုရင် ဂျပန်တွေ တရုတ်ပြည်ကို သိမ်းပိုက်ထားတဲ့ကာလပါ။ ချန်ကျန်းက တရုတ်ကနေ ဂျပန်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးပါ။ တရုတ်နိုင်ငံမှာတော့ သူက ကွန်းဖူးကျောင်းတစ်ခုမှာ နေထိုင်ပါတယ်။ တနေ့မှာ သူ့ဆရာဖြစ်သူ လက်သီးဘုရင် ဆရာဟူဟာ သိုင်းပြိုင်ပွဲမှာ ရှုံးနိမ့်ပြီး သေဆုံးသွားတဲ့အတွက်ကြောင့် တရုတ်ပြည်ကို ပြန်လာခဲ့တယ်။ သူ့ဆရာရှုံးခဲ့တဲ့ သူကိုသူ စိန်ခေါ်ပြီး ပြန်တိုက်တဲ့အခါ အလွယ်တကူပဲ နိုင်သွားတော့ ဆရာရဲ့ သေဆုံးမှုကို သံသယဖြစ်ပြီး လက်လံစစ်ဆေးရာကနေ ကောက်ကျစ်ယုတ်မာမှုတွေကို တွေ့ရှိရပါတော့တယ်။ ဒီဇာတ်ကားမှာ ချန်ကျန်း တစ်ယောက် ညီအကိုသံယောဇဉ်နဲ့ တိုင်းပြည်သားကောင်းတာဝန်တွေနဲ့အပြင် ဂျပန်မလေးတစ်ယောက်နဲ့လည်း ချစ်ကြွမ်းဝင်မိခဲ့တော့ အခက်အခဲတွေ ကြုံရပုံ ဘယ်လိုဖြတ်သန်းသွားမလဲ ဆိုတာကတော့ ဆက်လက်ကြည့်ရှုပါ...

Best Movies

You May Also Like