DCF Free Movie Website !

HK Movies

From Beijing with Love (1994)

ကျွန်တော်အကြိုက်ဆုံးတွေထဲက တစ်ခုဖြစ်တဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ Action, Comedy, Thriller အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စတီဖင်ချောင်ဟာ အမူအကျင့်၊ စတိုင်၊ အတွေးအခေါ် အရာအားလုံးမှာ ဂျိမ်းစ်ဘွန်းနဲ့ “နင်လား? ငါလား?” ခွဲခြားမရအောင် တူတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပေမယ့် အထက်ဌာနကတော့ သူကို IQ မမှီတဲ့ အေးဂျင့်တစ်ယောက်အဖြစ် သတ်မှတ်ပြီး ဖိုင်ပိတ်ချပ်ပိတ်ထားခဲ့တာ ကြာလှပါတယ်။ တစ်နေ့မှာတော့ တရုတ်ပြည်ရဲ့ နံပါတ်တစ်ရတနာဟာ လွန်စွာထူးဆန်းလှတဲ့ လူတစ်စုကြောင့် လုယက်ခံလိုက်ရပါတယ်။ အဲဒီကိစ္စမှာ စတေးဖို့လူလိုနေတဲ့အချိန်မှာ IQ မမှီဘူးလို့ သတ်မှတ်ထားတဲ့ စတီဖင်ချောင်ကို ထိုးထည့်ဖို့ ကြံစည်ကြပါတယ်။ စတီဖင်ချောင်ကလည်း ဂျိမ်းစ်ဘွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူ ဖြစ်တာကြောင့် ဒီကိစ္စအရှုပ်ထဲကို အလွယ်တကူ လက်ခံဝင်ရောက်ခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ နံပါတ်တစ်ရတနာကို ပြန်ရဖို့အတွက် စတီဖင်ချောင်တစ်ယောက် အခက်အခဲ… အကြပ်အတည်း… ထောင်ချောက်တွေထဲမှာ သူ့ရဲ့အစွမ်းကို ဘယ်လိုထုတ်သုံးမလဲဆိုတာကတော့...

Best Movies

You May Also Like