DCF Free Movie Website !

HK Movies

Enter the dragon (1973)

ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်...

Best Movies

You May Also Like