DCF Free Movie Website !

HK Movies

In the Mood for Love (2000)

ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ၊ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေကို ပိုပြီးပေါ်လွင်စေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်...

Best Movies

You May Also Like

  • hd
  • 89 min 8.5
  • hd
  • 89 min 8.5
  • hd
  • 89 min 8.5